(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

မင်္ဂလာဈေးသစ်ဒီဇိုင်း ဈေးသူဈေးသားများကို ပထမဆုံးချပြ

မီးဘေးသင့်ခဲ့သည့် မန္တလေးမင်္ဂလာဈေး ပြန်လည်တည်ဆောက်မည့် ဒီဇိုင်းပုံစံသစ်နှင့်ပတ်သက်၍ ဈေးသူဈေးသားများထံ ပထမဦးဆုံးအကြိမ် ရှင်းလင်းချပြခဲ့ကြောင်း ယင်းဈေးအကျိုးတော်ဆောင် ကော်မတီထံမှ သိရသည်။


ယင်းတိုင်းအစိုးရအဖွဲ့ထံမှ ဒီဇိုင်းပုံစံရရှိပြီးနောက် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် ဈေးအကျိုးတော်ဆောင် ကော်မတီနှင့် ဈေးသူဈေးသားများ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးပွဲမှ ဈေးသူဈေးသားများ၏ တင်ပြတောင်းဆိုသည့် သဘောထားများကို တိုင်းအစိုးအဖွဲ့ကို ပြန်လည်တင်ပြမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။


အစိုးရအဖွဲ့ထံမှ တည်ဆောက်မည့် ဒီဇိုင်းပုံကြမ်းတစ်ခုရရှိခဲ့သော်လည်း ဈေးဆိုင်ခန်းများ နေရာချထားမှုနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးညှိနှိုင်းရဦးမည်ဖြစ်ကြောင်း မင်္ဂလာဈေးအကျိုးတော်ဆောင် ကော်မတီဥက္ကဋ္ဌ ဦးအေးချိုက ပြောကြားသည်။


“ဈေးတည်ဆောက်မှုကတော့ ဆွေးနွေးညှိနှိုင်းမှုတွေပြီးမှ စမယ်ထင်တယ်”ဟု ၎င်းက ပြောဆိုသည်။


ပြန်လည်တည်ဆောက်မည့် မင်္ဂလာဈေးအသစ်တွင် ယခင်က မိမိတို့ပိုင်ဆိုင်ခဲ့သည့် မူလနေရာများကို ပြန်လည် ရရှိလိုကြောင်း ယင်းဈေးသူဈေးသားများက ပြောကြားသည်။


မင်္ဂလာဈေး ပြန်လည်တည်ဆောက်မည့် အဆောက်အအုံဒီဇိုင်းပုံစံတွင် Public Area နှစ်ခု၊ လေးထပ် အဆောက်အအုံများနှင့် ကွန်ဒိုတစ်လုံးပါဝင်မည်ဖြစ်ပြီး ယခင်က မြို့တော်ဝန် အိမ်နေရာအဖြစ် တည်ရှိခဲ့သည့် နေရာကိုဖျက်သိမ်း၍ ဈေးဧရိယာအတွင်း ထည့်သွင်းရေးဆွဲထားကာ ယင်းဈေးသစ်ကို ပြည်တွင်းကုမ္ပဏီနှစ်ခုက ပူးပေါင်းတည်ဆောက်မည်ဖြစ်ကြောင်း အကျိုးတော်ဆောင်ကော်မတီထံမှ သိရသည်။


မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀ နှင့် ၇၃ လမ်းထောင့် ရှိ မင်္ဂလာဈေးသည် ၂၀၁၆ ခုနှစ် မတ်လ ၂၂ ရက်နေ့က ဈေးဧရိယာတစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး ၂ နှစ်နှင့် ၁၀ လ (ခန့်) ကြာမြင့်ချိန်အထိ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ ဂေါ်ရာဘောလုံးကွင်းမြေနေရာသို့ ဈေးဆိုင်ခန်းနှင့် ပျံကျဈေးဆိုင်ခန်း ၇၀၀ ကျော်ဖြင့် ယာယီဈေးအဖြစ်ဖွင့်လှစ်ပေးထားသည်။

Facebook comments