(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

မန်းတိုင်းကို ကောင်းကင်ပုံရိုက်ကူးပြီးလို့ အဆောက်အအုံပိုင်သူတွေကို ဂရန်ထုတ်ပေးမည်

မန္တလေးမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းကင် ဓာတ်ပုံရိုက်ကူးခြင်းပြီးစီးပြီဖြစ်တာကြောင့် အမှန်တကယ် မြေယာအဆောက်အအုံ ပိုင်ဆိုင်တဲ့သူတွေကို ဂရန်ထုတ်ပေးခြင်း လုပ်ငန်းတွေနဲ့ ခရီးသွားပြည်သူတွေ သွားလိုတဲ့နေရာတွေကို ဂျီပီအက်စ်စနစ်တပ် ဆင်ပေးတာတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။


Geographic Information System (GIS) အတွက် ကောင်းကင်ဓာတ်ပုံရိုက် ကူးခြင်းကို လေးလခန့်အချိန်ယူပြုလုပ်ခဲ့ရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက ရိုက်ကူးပြီးစီးခဲ့ပြီလို့ ဆိုပါတယ်။ GIS စနစ်ဟာ မန္တလေးမြို့ ရဲ့ သယ်ယူပို့ဆောင်ရေးကွန် ရက်လမ်းကြောင်း အပါအဝင် လမ်းတွေ၊ ရေမြောင်းတွေအတွက် အနိမ့်အမြင့် အချက်အလက်တွေ၊ရေဖြန့်ဖြူးရေးပိုက်လိုင်း တွေ၊ ဖိုက်ဘာဆက်ကြောင်းတွေ၊ အမှိုက် သိမ်းဆည်းဖို့နေရာတွေနဲ့ အဆောက်အအုံဆိုင်ရာအချက်အလက်တွေကို ထည့်သွင်းသွားမှာဖြစ်ပြီး ရရှိလာတဲ့ အချက်အလက်တွေကို အခြေခံကာ မြို့ပြစီမံကိန်း တွေ ရေးဆွဲအကောင်အထည်ဖော်တာ၊ အ ခွန်အခကောက်ခံတာတွေ ဆောင်ရွက်သွားမယ်လို့ သိရတယ်။


“ကောင်းကင်ဓာတ်ပုံရိုက်ပြီး မြေပြင် မှာ စာရင်းကောက်တာတွေလုပ်တော့ နေထိုင်တဲ့ အဆောက်အအုံတွေကအစ စာရင်းမဝင် အင်းမဝင်တွေ တွေ့ရတယ်၊ ဒါကြောင့် နောက်ပိုင်းမှာ စနစ်တကျနဲ့ ဂရန်ထုတ်ပေးရတာတွေ ဆက်လုပ်သွားမယ်၊ သူတို့ပိုင်ဆိုင်တဲ့ ဂရန်တွေ ထုတ်ပေးမယ်၊ မှတ်တမ်းမှတ်ရာတွေ ပေးမယ်၊ နောက်တစ်ခုက မြို့ကို ကောင်းကင်က ရိုက်ထားတဲ့ မှတ်တမ်းနဲ့သွင်းပြီးတော့ ခရီး သွားတွေ သူ ရှာချင်တဲ့နေရာကို အလွယ်တကူ ရှာနိုင်အောင် အင်တာနက်နဲ့ ရှာလို့ ရတဲ့ စနစ်ဘက်ကို ပြင်ဆင်နေပါတယ ်”လို့ မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါ တယ်။


ကောင်းကင်ဓာတ်ပုံ ရိုက်ကူးခြင်းကို မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ် သုတေသနဌာနက ရိုက်ကူးပေးတာဖြစ်ပြီး အလိုအလျောက်စနစ်နဲ့ ပျံတက်တဲ့ မောင်းသူမဲ့ လေယာဉ်နှစ်စင်း၊ ထောင်လိုက်အတက် အဆင်းပြုနိုင်တဲ့ မောင်းသူမဲ့ လေယာဉ်တစ်စင်း၊ multicopter drone နှစ်စင်း၊ စုစုပေါင်းငါးစင်းနဲ့ နေရာအနေ အထားပေါ် မူတည်ကာ ရိုက်ကူးခဲ့တာဖြစ် တယ်လို့ သိရတယ်။ ကောင်းကင်ဓာတ်ပုံ ရိုက်ကူးခြင်း ကနေ ရရှိလာတဲ့အချက်အလက်တွေနဲ့ မန္တလေးမြို့ ရဲ့ မြေပုံထုတ်လုပ်တာ၊ အချက်အလက်တွေ ထည့်သွင်းတဲ့ လုပ်ငန်းတွေကို Asia Air Survey ကုမ္ဗဏီက ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။


Source : The kumudra

Facebook comments