(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

လူဦးရေနည်းတဲ့ မိသားစုတွေ၊ တစ်ကိုယ်တည်း အေးအေးဆေးဆေးနေလိုသူတွေနဲ့ မြန်မာနိုင်ငံကို အလုပ်ကိစ္စနဲ့ နှစ်အနည်းငယ်သာ လာရောက်နေထိုင်မယ့်သူတွေအတွက် ရန်ကုန်မြို့ရဲ့ အချက်အချာကျပြီး ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်မှာ အသင့်နေထိုင်နိုင်တဲ့ အိမ်ခန်းလေးကို ဒီတစ်ပတ်အတွက် ရွေးချယ်ထားပါတယ်။


အိမ်ခန်းလေးကတော့ ရန်ကင်းမြို့နယ်၊ ရန်ရှင်းလမ်းနဲ့ ရန်ငြိမ်းလမ်းထိပ်က Space Condo ရဲ့ ခုနစ်လွှာမှာတည်ရှိတဲ့ အခန်းလေးပဲဖြစ်ပါတယ်။ ဒီကွန်ဒိုမှာ နှစ်ဦးနေထိုင်နိုင်တဲ့ အခန်း၊ သုံးဦးနေထိုင်နိုင်တဲ့ အခန်းတွေနဲ့ မိသားစုတစ်စု ကောင်းကောင်းနေထိုင်နိုင်တဲ့ အခန်းစတဲ့ အခန်းအမျိုးအစား စုံစုံလင်လင်ရှိပါတယ်။ အဲဒီထဲက စုံတွဲတစ်တွဲ (ဒါမှမဟုတ်) ကလေးတစ်ယောက်ပဲရှိတဲ့ မိသားစုလေးတစ်စု နေထိုင်နိုင်တဲ့ အခန်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။


မိသားစုအသေးတစ်စုစာ နေထိုင်နိုင်တယ်ဆိုပေမဲ့ အခန်းဟာ သိပ်အကျယ်ကြီး မဟုတ်လှတာကြောင့် တစ်ဦးတည်း ဒါမှမဟုတ် နှစ်ဦးခန့် နေတာက အခန်းအနေအထား အရ အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်မြင်မိပါတယ်။


အခန်းအကျယ်အဝန်းက ၁၁၆၈ စတုရန်းပေသာကျယ်ဝန်းပေမဲ့ ဧည့်ခန်း၊ စတိုခန်း၊ မီးဖိုခန်း၊ အိပ်ခန်းနဲ့ ရေချိုးခန်းတွေကို ဖွဲ့စည်းထားပုံတွေက သေသေသပ်သပ်ရှိလှ ပါတယ်။ ဒါ့ပြင် ရေကူးကန်ရှိတဲ့ ကွန်ဒိုရဲ့ အတွင်းဘက်ခြမ်းကို ဝရန်တာထုတ်ထားတဲ့ ပုံစံလေးတွေက သီးသီးသန့်သန့်ရှိပြီး နွေးထွေးတဲ့ အငွေ့အသက်ကို ခံစားရစေပါတယ်။


ဒီအခန်းမှာတော့ အခန်းကျယ်တစ်ခန်းနဲ့ တစ်ယောက်စာ နေထိုင်နိုင်ရုံ တစ်ခန်းပါရှိ ပါတယ်။ အနောက်တိုင်းပုံစံ မီးဖိုခန်းကလည်း သိပ်မကျယ်လှပေမဲ့ ဖွဲ့စည်းပုံကတော့ စနစ်တကျရှိပါတယ်။ မီးဖိုခန်းက ဧည့်ခန်းနဲ့ ကပ်လျက်တည်ရှိတာကြောင့် ဟင်းချက် နေချိန် ဧည့်ခန်းမှာ အနံ့အသက်အနည်းငယ်တော့ ရမှာဖြစ်ပါတယ်။


ကွန်ဒိုဆိုတဲ့အတိုင်း အိမ်တွင်းပရိဘောဂပစ္စည်းတွေနဲ့ ပတ်သက်ပြီး စိတ်ပူစရာမလို အောင် အိမ်ရှင်နဲ့ ညှိနှိုင်းပြီး အပြည့်အစုံထားရှိပေးမယ်လို့ ဆိုပါတယ်။ ြွခင်းချက်အနေနဲ့ အဝတ်လှန်းစရာနေရာကတော့ သတ်သတ်မှတ်မှတ် ထားရှိရလောက်အောင် အခန်းက မကျယ်ဝန်းပါဘူး။ မိုးတွင်းမှာဆို ဝရန်တာကိုလည်း ထုတ်လှန်းလို့ အဆင်မပြေ တာကြောင့် သတိထားရမယ့်အရာပဲ ဖြစ်ပါတယ်။


အိမ်ထောင်ပရိဘောဂတွေ၊ ကားပါကင်တွေ၊ လုံခြုံရေးစနစ်နဲ့ ပတ်ဝန်းကျင်သန့်ရှင်း ရေးအတွက် အချိန်ကုန်၊ ငွေကုန်၊ ခေါင်းခြောက်ခံစရာမလိုတဲ့ နေရာလေးဖြစ်လို့ အိမ်ငှားခ အတွက် ငွေနည်းနည်းတော့ ပိုသုံးရမှာပါ။ ကွန်ဒိုငှားရမ်းခကတော့ တစ်လကို အမေရိကန် ဒေါ်လာ ၁ç၉ဝဝ ဖြစ်ပါတယ်။


ဒီကွန်ဒိုမှာ နေထိုင်မယ်ဆိုရင် နောက်ထပ်သတိပြုရမယ့်အရာတစ်ခုကတော့ အိမ်ကိုလာလည်မယ့် အသိမိတ်ဆွေတွေကို အခန်းနံပါတ်နဲ့ အလွှာကို သေသေချာချာပြောပြထားပြီး ကွန်ဒိုလုံခြုံရေးရုံးခန်းရဲ့Intercom ကတစ်ဆင့် မိမိတို့အခန်းကို တိုက်ရိုက် ဖုန်းခေါ်ဆိုဖို့ အသိပေးထားရမှာ ဖြစ်ပါတယ်။


ဒီလိုမှမဟုတ်ရင်တော့ အလှည့်ကျစောင့်ကြပ်တဲ့ လုံခြုံရေးတာဝန်ရှိသူတွေရဲ့ စကားပြော အဆင်မပြေမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။


Space Condo ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတို့ နှစ်ဦးအကျိုးတူဆောက်လုပ်ထားတာဖြစ်ပြီး စည်ပင်သာယာရေးကပိုင်ဆိုင်တဲ့ ဘက်ခြမ်းမှာတော့ ရေကူးကန်နဲ့Gym တို့ ပါဝင်ခြင်းမရှိပါဘူး။


အခုငှားရမ်းမယ့်အခန်းကတော့ ကုမ္ပဏီဘက်ကပိုင်ဆိုင်တဲ့ အခန်းဖြစ်ပြီး ရေကူးကန် နဲ့Gym တို့ကိုပါ သုံးစွဲခွင့်ရမှာဖြစ်တာကြောင့် ဈေးပိုကြီးရခြင်းဖြစ်တယ်လို့ Estate Myanmar Real Estate က ကိုတင်လင်းကျော်က ပြောပါတယ်။


ရန်ကင်းမြို့နယ်ဟာ အိမ်ခြံမြေဈေးကွက်အတွင်းမှာ ပြည်တွင်းဝယ်ယူ/ငှားရမ်းလိုမှု မြင့်မားတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့အပြင် နိုင်ငံခြားသားတွေ ရွေးချယ်လေ့ရှိတဲ့ မြို့နယ်တစ်ခု လည်း ဖြစ်ပါတယ်။ အလားတူပဲSpace Condo ဟာလည်း နိုင်ငံခြားသားငှားရမ်းနေထိုင် မှုများတဲ့ နေရာတစ်ခုဖြစ်တယ်လို့လည်း ကိုတင်လင်းကျော်က ပြောပါတယ်။


ရန်ကင်းမြို့နယ်ဟာ သွားလာဆက်သွယ်ရေး လွယ်ကူချောမွေ့ပြီး ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ မြို့နယ်တစ်ခုဖြစ်ရုံသာမက နာမည်ကြီးအစားအသောက်တွေလည်း ပေါများရာ မြို့နယ်တစ်ခုဖြစ်ပါတယ်။


"ဒီမြို့နယ်ထဲမှာ ကျွန်တော်တို့ အခန်းငှားထားတဲ့လူတွေအများစုက နိုင်ငံခြားသားတွေပဲ များတယ်။ ပြည်တွင်းကလည်း ဒီမြို့နယ်ထဲမှာဆိုရင် စိတ်ဝင်စားတဲ့သူများတယ်"လို့ ကိုတင်လင်းကျော်က ဆိုပါတယ်။


အစိုးရကချမှတ်ထားတဲ့ တစ်စတုရန်းပေ သတ်မှတ်တန်ဖိုးတွေအရ ကွန်ဒိုတည်ရှိရာ ရန်ရှင်းလမ်းမှာ ၂၀၁၈ ခုနှစ်က တစ်စတုရန်းပေအတွက် သတ်မှတ်တန်ဖိုး ကျပ် ၁၃၅ဝဝဝ ရှိခဲ့ရာက အသစ်ပြင်ဆင်မယ့် နှုန်းထားသစ်အရ ကျပ် ၁၂ဝဝဝဝ သာ ကျသင့်တော့မှာ ဖြစ်ပါတယ်။


ရန်ကင်းမြို့နယ်တစ်ခုလုံးအတွက် သတ်မှတ်ပေးထားတဲ့ တစ်စတုရန်းပေ မြေတန်ဖိုး တွေအရ ၂၀၁၈ ခုနှစ်အတွင်းက အနည်းဆုံး ကျပ် ၈၅çဝဝဝ ကနေ အများဆုံး ကျပ် လေးသိန်းထိရှိခဲ့ပြီး အသစ်ပြင်ဆင်မယ့်နှုန်းထားအရ အနည်းဆုံး ကျပ် ၇၅ဝဝဝ ကနေ အများဆုံး ကျပ်လေးသိန်းထိ ရှိနေဆဲဖြစ်ပါတယ်။


Space Condo တည်ရှိရာ ရန်ကင်းမြို့နယ်နဲ့ ကပ်လျက်တည်ရှိတဲ့ တာမွေမြို့နယ်မှာ ၂၀၁၈ ခုနှစ်အတွင်းက သတ်မှတ်ခဲ့တဲ့ တစ်စတုရန်းပေနှုန်းထားတွေဟာ အနည်းဆုံး ကျပ်သုံးသောင်းခွဲကနေ အများဆုံး ကျပ် တစ်သိန်းခွဲထိရှိခဲ့ပြီး အသစ်ပြင်ဆင်မယ့် နှုန်းထားအရ အနည်းဆုံး ကျပ် ၃၂ဝဝဝ က အများဆုံး ကျပ် ၁၃၅ဝဝဝ ထိ ကျဆင်းခဲ့ပါတယ်။


မြို့နယ်ချင်းထိစပ်လျက် တည်ရှိနေပေမဲ့ တစ်စတုရန်းပေအတွက် သတ်မှတ်ထားတဲ့ မြေတန်ဖိုး ကွာဟချက်က အနည်းဆုံး ကျပ် လေးသောင်းကနေ အများဆုံး ကျပ် သုံးသိန်းနီးပါးအထိ ရှိနေပါတယ်။ ရန်ကင်းမြို့နယ်အတွင်းမှာရှိတဲ့ ကွန်ဒိုခန်းတွေရဲ့ အငှားဈေးနှုန်းတွေကတော့ အမေရိကန်ဒေါ်လာ ၃၅၀ နဲ့ ၄ဝဝဝ ကြား ရှိနေပါတယ်။


Space Condo ရဲ့ မျက်နှာချင်းဆိုင်မှာတော့ ရွှေအုန်းပင်အိမ်ရာ တည်ရှိပြီး အနီးတစ်ဝိုက်မှာတော့ မြန်မာပလာဇာ၊ ပတ်စ်ပို့ရုံးနဲ့ မြန်မာနိုင်ငံဗဟိုဘဏ်တို့ တည်ရှိပါတယ်။ ဒါ့ပြင် ရန်ကင်းမြို့မဈေးနဲ့လည်း ကျောချင်းကပ် တည်ရှိနေတာကြောင့် ဈေးသွားဖို့ စိတ်ပူစရာမလိုတော့ပါဘူး။ ကွန်ဒိုရဲ့ ပတ်ပတ်လည်မှာ ဈေး၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ အလှပြင်ဆိုင်၊ ဘဏ်နဲ့ ကျောင်းတွေ တည်ရှိနေတာကတော့ ဒီနေရာကို ရွေးချယ်နေထိုင်သင့်တဲ့ အားသာချက်လို့ ဆိုနိုင်ပါတယ်။


Golden City လို နာမည်ကြီး အထင်ကရ အိမ်ရာစီမံကိန်းတွေလည်း တည်ရှိပြီး ကျန်းမာရေးအတွက် ရန်ကင်းကလေးဆေးရုံ၊ နံနက်စောစောနဲ့ ညနေခင်းတွေမှာ အေးအေးလူလူ လမ်းလျှောက်ချင်သူတွေအတွက် လမ်းနီကန်ဘောင်ကလည်း အနီးအနားမှာ တည်ရှိနေပါသေးတယ်။


ဒီလို ပတ်ဝန်းကျင်ကောင်းတွေနဲ့ တည်ရှိနေတဲ့ ရန်ကင်းမြို့နယ်ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အဝေးပြေးကားဂိတ်၊ ရန်ကုန်မြို့ ထဲတို့နဲ့ မနီးမဝေးနေရာမှာ တည်ရှိနေပါတယ်။ ရန်ကင်းမြို့နယ်က မြို့ထဲကိုသွားမယ်ဆိုရင်တော့ မိနစ် ၂၀ က မိနစ် ၃၀ ခန့် ကြာမြင့်ပါတယ်။ လေဆိပ်နဲ့ အဝေးပြေးကားဂိတ်ကို ကားနဲ့သွားမယ်ဆိုရင် တော့ မိနစ် ၄၀ က ၅၀ ခန့် ကြာမြင့်နိုင်ပြီး မြန်မာပလာဇာမှတ်တိုင် ကနေ လေဆိပ်ကို တိုက်ရိုက်ရောက်တဲ့ ဘတ်စ်ကားကို ကျပ် ၅ဝဝ တည်းနဲ့ အလွယ်တကူ စီးနင်းနိုင်ပါတယ်။


Source : Myanmar Times

Facebook comments