ဒီအိမ်လေးကို ငှားရမ်းချင်တယ်ဆိုရင်တော့ တစ်လကို အမေရိကန်ဒေါ်လာ ၅၅၀ ကျသင့်မှာဖြစ်ပြီး ပရိဘောဂ အပြည့်အစုံ ထားရှိပေးမှာဖြစ်ပါတယ်။ တိုက်ခန်းရဲ့ တည်နေရာဟာ လမ်းမကြီးပေါ်မှာဖြစ်လို့ သွားလာရေးအတွက် အလွန်အဆင်ပြေတဲ့နေရာ ဖြစ်ပါတယ်။ ကား မှတ်တိုင်နဲ့လည်း နီးတာကြောင့် မြို့တွင်း၊ မြို့ပြင် အလွယ် တကူ သွားရောက်နိုင်မှာပါ။
ဒါ့ပြင် ကမ္ဘာအေးဂမုန်းပွင့်၊Gadamar wholesale တို့နဲ့လည်း နီးတဲ့အပြင် မြန်မာပလာဇာနဲ့လည်း သိပ်မဝေးတာကြာင့် ဈေးဝယ်ထွက်တာ ဝါသနာပါသူတွေအတွက် အကြိုက်ပါပဲ။ နေ့စဉ် ချက်ပြုတ်စားသောက်ဖို့အတွက် တိုက်ခန်းအနီးအနားမှာပဲ ရပ်ကွက်ဈေးလေးတွေ ရှိတာကြောင့် အလွယ်တကူပဲ သွားရောက်ဝယ်ယူနိုင်ပါသေးတယ်။
ကျန်းမာရေးအတွက် ပါရမီ အထွေထွေရောဂါကု အဆင့်မြင့်ဆေးရုံကြီးကလည်း အနီးအနားမှာပဲ တည်ရှိနေ ပါတယ်။ ကမ္ဘာအေးဘုရား၊ မရမ်းကုန်း ၉ မိုင် ရှမ်းကျောင်း၊ပြည်လမ်းဆုံက အောင်ရွှေဘုံသာ ဓမ္မဗိမာန်ဘုန်းကြီး ကျောင်း၊ ကျိုက်ဝိုင်းဘုရား စတာတွေနဲ့လည်း နီးပါတယ်။
မရမ်းကုန်းမြို့နယ်ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ အနီးဆုံးတည်ရှိနေတဲ့ မြို့နယ်တစ်ခုလည်းဖြစ် တဲ့အပြင် လေဆိပ်ကို တိုက်ရိုက်သွားရောက်နိုင်တဲ့ ဘတ်စ်ကားတွေကိုလည်း စီးနင်းနိုင်တာကြောင့် အချိန်ကုန်၊ ငွေကုန်သက်သာစွာနဲ့ လေဆိပ်ကို သက်သောင့်သက်သာ ရောက်နိုင်မှာ ဖြစ်ပါတယ်။
အစိုးရက ချမှတ်ထားတဲ့ တစ်စတုရန်းပေ သတ်မှတ် တန်ဖိုးတွေအရ တိုက်ခန်းတည်ရှိရာ ကမ္ဘာအေးဘုရားလမ်းမှာ ၂၀၁၈ ခုနှစ်က တစ်စတုန်းပေ သတ်မှတ်တန်ဖိုးမှာ ကျပ် ၄ဝဝçဝဝဝ ရှိခဲ့ပြီး ယခုနှစ်မှာလည်း ယခင်တန်ဖိုး အတိုင်းပဲ မပြောင်းမလဲ တည်ရှိနေပါတယ်။
မရမ်းကုန်းမြို့နယ်တစ်ခုလုံးအတွက် သတ်မှတ်ပေး ထားတဲ့ တစ်စတုရန်းပေအပေါ် မြေတန်ဖိုးတွေအရ ၂၀၁၈ ခုနှစ်အတွင်းက အနည်းဆုံး ကျပ် တစ်သိန်းက အများဆုံး ငွေကျပ် လေးသိန်းထိရှိခဲ့ပြီး အသစ်ပြင်ဆင်မယ့် နှုန်းထားအရ အနည်းဆုံး ကျပ် ၉၀çဝဝဝ က အများဆုံး ကျပ် လေးသိန်းထိရှိနေဆဲ ဖြစ်ပါတယ်။
မြို့နယ်ချင်းထိစပ်လျက် တည်ရှိနေပေမဲ့ တစ်စတုရန်းပေအတွက် သတ်မှတ်ထားတဲ့ မြေတန်ဖိုး ကွာဟချက်က ငွေကျပ် နှစ်သောင်းခွဲဝန်းကျင် ရှိနေပါတယ်။ ရန်ကင်းမြို့နယ်အတွင်းမှာရှိတဲ့ ကွန်ဒိုတိုက်ခန်းတွေရဲ့ အငှားဈေးနှုန်းတွေကတော့ ယျေဘုယျအားဖြင့် အမေရိကန်ဒေါ်လာ ၂၈၅ နဲ့ ၉ဝဝဝ ကြား ရှိနေပါတယ်။ တစ်လငှားရမ်းခ ဒေါ်လာ ၁ဝဝဝ နဲ့ ၂၅ဝဝ ပတ်ဝန်းကျင်ရှိ ကွန်ဒိုခန်းတွေကတော့ အငှားအများဆုံးဖြစ်ပါတယ်။
ရန်ကုန်မြို့ထဲနဲ့တော့ အနည်းငယ် အလှမ်းဝေးတဲ့အတွက် ကားနဲ့သွားမယ်ဆိုရင် မိနစ် ၃၀ က မိနစ် ၄၀ ခန့်အထိ ကြာမြင့်နိုင်ပါတယ်။ ကားပိတ်လေ့ရှိတဲ့ နံနက်ပိုင်းနဲ့ ညနေပိုင်း ရုံးဆင်းချိန်တွေမှာတော့ မြို့ထဲကိုရောက်ဖို့ ပျမ်းမျှ တစ်နာရီလောက် အချိန်ယူရပါလိမ့်မယ်။
Source : Myanmar Times