(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ဒီတစ်ပတ်ရဲ့စိတ်ကြိုက်အိမ်

ဒီတစ်ပတ်ရဲ့စိတ်ကြိုက်အိမ်ကဏ္ဍအတွက် အဆင့်မြင့်ကွန်ဒို အငှားအိမ်ရာတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကွန်ဒိုခန်း အငှားဆိုပေမဲ့ ဟိုတယ်တစ်ခုနီးပါး ဝန်ဆောင်မှုတွေ ထည့်သွင်းပေးထားတဲ့အတွက် ရေရှည်နေထိုင်လိုသူတွေ အတွက်သာမက မြန်မာနိုင်ငံကို ခေတ္တအလည်အပတ် လာရောက်ပြီး လအနည်းငယ် နေထိုင်လိုသူတွေအတွက်ပါ အဆင်ပြေစေမှာပါ။

ဒါ့ပြင် ဟိုတယ်တွေထက် ဈေးသက်သာပြီး အဆင်ပြေစေမယ့်Service Apartment တွေမှာ ရေရှည်နေထိုင်ဖို့ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ အထက်ပန်းဆိုးတန်းလမ်း ပေါ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ အသစ်ဖွင့်လှစ်ထားတဲ့ 85 SOHO ကို လေ့လာကြည့်စေချင်ပါတယ်။


ဒီကွန်ဒိုကတော့ အငှားအိမ်ရာ သီးသန့်ဖြစ်ပြီး အခန်းတွေက ပရိဘောဂအပြည့်အစုံနဲ့ အိမ်တစ်အိမ်လို နွေးနွေးထွေးထွေးရှိပါတယ်။ အခန်းတစ်ခန်းကို စတုရန်းပေ ၈ဝဝကျယ်ဝန်းပြီး ဟိုတယ်အခန်းတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ နဲ့ ခပ်ဆင်ဆင် ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။


အဲဒီအိမ်ရာမှာ ငှားရမ်းနေထိုင်မယ့် သူတွေအတွက် ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကလည်း မနည်းလှပါဘူး။ အိမ်ခန်းထဲကို စတင်ဝင်ရောက်လိုက်တာနဲ့ အခန်းရဲ့ညာဘက်ခြမ်းမှာ ထမင်းဟင်းချက်ပြုတ်နိုင်တဲ့ မီးဖိုချောင်အသေးတစ်ခု ထားရှိပေးထားပါတယ်။ 

အခန်းတိုင်းရဲ့ အိပ်ခန်းတွေကို Master Bedroom အဖြစ် ဖွဲ့စည်းထည့်သွင်းထားပေးတာက ဂျပန်စတိုင်ကိုဦးစားပေး တည်ဆောက်ထားတာဖြစ်ပြီး ဂျပန်လူမျိုးတွေ အတွက် အဓိကရည်ရွယ် တည်ဆောက်ထားတာဖြစ်တယ် လို့ 85 SOHO ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


ကွန်ဒိုတစ်ခုလုံးမှာရှိတဲ့ အခန်းဖွဲ့စည်းပုံတွေကို ဒီဇိုင်း ခြောက်မျိုးနဲ့ ဖွဲ့စည်းထားပါတယ်။ အလွှာတိုင်းမှာ ရှစ်ခန်းဖွဲ့စည်းထားပြီး စုစုပေါင်းအခန်းအရေအတွက် ၈၈ ခန်းရှိပါတယ်။ လက်ရှိမှာ အခန်းတော်တော်များများမှာ ငှားရမ်းနေထိုင်သူတွေရှိနေပြီး အများစုက ဂျပန်နဲ့ အာရှက လူတွေဖြစ်ပါတယ်။


အပေါ်ဆုံးထပ်မှာတော့ အားကစားခန်းမအပြင် အရက်၊ ဝိုင်နဲ့ အခြားစားသောက်စရာတွေ ရရှိနိုင်တဲ့ ဘားတစ်ခုလည်း ထားရှိပေးပါတယ်။ အပေါ်ဆုံးထပ်ကနေ တိုက်တာအဆောက်အအုံတွေကြားက သီးခြားခွဲထွက်နေတဲ့ ရွှေတိဂုံဘုရားရဲ့ ရှုခင်းကိုလည်း တွေ့မြင်နိုင်ပါတယ်။


ကွန်ဒိုတစ်ခုလုံးမှာ အသုံးပြုတဲ့ ရေအတွက် ပင်မရေသန့်စက်ကြီးတစ်ခု ထားရှိပေးတဲ့အပြင် အခန်းတိုင်း မှာ ရေသန့်စက် အသေးတစ်ခုစီကို သီးသန့်ထားပေး တာကိုလည်း တွေ့ရပါတယ်။ ဒါ့ပြင် ရေတွေရဲ့ သန့်စင်မှု အရေအသွေးအတွက် တစ်လတစ်ကြိမ် ဓာတ်ခွဲခန်းကို ပေးပို့ပြီး PH7 Level ကို ရရှိအောင် အမြဲသန့်စင် စစ်ဆေးပေးထားပါတယ်။


နေထိုင်သူတွေအတွက် အခန်းသန့်ရှင်းရေးကို တစ်ပတ်သုံးကြိမ ်ပြုလုပ်ပေးပြီး အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို တစ်ပတ်နှစ်ကြိမ် လဲလှယ်ပေးပါတယ်။ ဒါ့ပြင် လျှပ်စစ်မီးပူ၊ ဆံပင်လေမှုတ်စက်နဲ့ အဝတ်လျှော်စက်၊ အခြောက်ခံစက်တွေကိုလည်း ထားရှိပေးပြီး ထပ်မံဖြည့်သွင်းချင်တဲ့ ပစ္စည်းတွေရှိရင်လည်း ညှိနှိုင်းပြီး ထပ်ဖြည့်ပေးမှာ ဖြစ်ပါတယ်။


ဒီကွန်ဒိုမှာ နေထိုင်တဲ့သူတွေအတွက် အဆင့်မြင့်ဟိုတယ်တစ်ခုမှာ နေထိုင်သလိုမျိုးပဲ နံနက်စာကို အပေါ်ဆုံးထပ်မှာရှိတဲ့ စားသောက်ဆိုင်မှာ အခမဲ့သုံးဆောင်နိုင်ပြီး အခန်းတစ်ခန်းစီအတွက် တစ်ယောက်စာ စားခွင့်ပေးထားပါတယ်။ ဒါ့ပြင် Gym နဲ့ ဂျပန်စတိုင် ရေနွေးစိမ်ကန်တို့လည်း ထားရှိပေးတာကို တွေ့ရပါတယ်။


ဒီအိမ်ရာမှာ ငှားရမ်းနေထိုင်ချင်တယ် ဆိုရင်တော့ တစ်လကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ç၅ဝဝ မှ ၂ç၅ဝဝ ခန့်ထိ ကျသင့်မှာဖြစ်ပါတယ်။ အထွေထွေဝန်ဆောင်မှုစရိတ်တွေပါ အပါအဝင်ဖြစ်ပြီး အထပ်မြင့်လေ ဈေးက ပိုမြင့်လေ ဖြစ်ပါတယ်။ အိမ်ငှားကာလတွေကိုတော့ အနည်းဆုံး သုံးလကနေ ခြောက်လ၊ တစ်နှစ်စသဖြင့် သတ်မှတ်ထားပြီး တစ်လချင်း သက်တမ်းတိုး နေထိုင်ချင်သူတွေအတွက်လည်း တစ်လစာ စရန်ကြိုတင်ပေးပြီး နေထိုင်လို့ရပါတယ်။


ကွန်ဒိုတည်ရှိရာ မင်္ဂလာတောင်ညွန့်မြို့နယ်ဟာ ရန်ကုန်မြို့ထဲနဲ့ အနီးကပ်ဆုံးတည်ရှိနေတဲ့အပြင် ရန်ကုန်ဘူတာကြီးနဲ့ အောင်ဆန်းအားကစားကွင်းတို့ တည်ရှိရာမြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ကန်တော်ကြီး၊တိရစ္ဆာန်ဥယျာဉ်၊ မင်္ဂလာဈေး၊ ယုဇနပလာဇာ စတဲ့ နေရာတွေနဲ့လည်း နီးပါတယ်။


ရန်ကုန်မြို့တွင်းနဲ့ အနီးဆုံးမြို့နယ်တစ်ခု ဖြစ်တဲ့အတွက် နေထိုင်သူတွေ သွားလာဆက်သွယ်ရေးမှာ လွယ်ကူချောမွေ့စေနိုင်ပါတယ်။


85 SOHOတည်ရှိရာ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှာ အလားတူservice apartment တွေလည်း အပြိုင်အဆိုင် တည်ရှိနေပါတယ်။ ဒီထဲက ကန်သာယာစင်တာမှာရှိတဲ့ service apartment ဟာဆိုရင် ထင်ရှားပြီး လူစိတ်ဝင်စားမှု များပြားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။


ရှောပင်းမောတွေ၊ ကွန်ဒိုတွေ၊ ဟိုတယ်တွေနဲ့ ပေါင်းစပ်တည်ဆောက်ထားတဲ့ ကန်သာယာစင်တာကတော့ငှားရမ်းသူတို့ ပိုပြီးစိတ်ဝင်စားကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ တစ်လကို အမေရိကန် ဒေါ်လာ ၂၅ဝဝ မှ ၃၅ဝဝ ဝန်းကျင်ရှိတဲ့ အခန်းတွေက အငှားအများဆုံးဖြစ်ပါတယ်။


မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လူဦးရေ တစ်သိန်းခန့်နေထိုင်ပြီး လူဦးရေထူထပ်တဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါ တယ်။ အစိုးရက ချမှတ်ထားတဲ့ တစ်စတုရန်းပေ သတ်မှတ် တန်ဖိုးတွေအရ တိုက်ခန်းတည်ရှိရာ အထက်ပန်းဆိုးတန်းလမ်းမှာ ၂၀၁၈ ခုနှစ်က တစ်စတုန်းပေသတ်မှတ်တန်ဖိုးမှာ ကျပ် ၂၂၅çဝဝဝ ရှိခဲ့ပြီး ယခုနှစ်မှာတော့ တစ်စတုန်းပေ သတ်မှတ်တန်ဖိုးက ကျပ် နှစ်သိန်းထိ ကျဆင်းခဲ့ပါတယ်။


တိုက်ခန်းတည်ရှိရာ မင်္ဂလာတောင်ညွန့်မြို့နယ်နဲ့ ကပ်လျက်တည်ရှိတဲ့ ဒဂုံမြို့နယ်မှာ ၂၀၁၈ ခုနှစ်အတွင်းက သတ်မှတ်ခဲ့တဲ့ တစ်စတုရန်းပေနှုန်းထားတွေဟာ အနည်းဆုံး ကျပ် ၁၆ဝဝဝဝ ကနေ အများဆုံး ကျပ် ၃၆ဝဝဝဝ ထိရှိခဲ့ပြီး အသစ်ပြင်ဆင်မယ့် နှုန်းထားသစ်အရ အနည်းဆုံး ကျပ် ၁၄၅ဝဝဝ ကနေ အများဆုံး ကျပ် လေးသိန်းကို ပြောင်းလဲသွားခဲ့ပါတယ်။


မင်္ဂလာတောင်ညွန့်မြို့နယ်ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ အနည်းငယ်အလှမ်းဝေးသွားတဲ့အတွက် ကားနဲ့ သွားမယ်ဆိုရင် မိနစ် ၅၀ ကနေ မိနစ် ၇၀ ခန့်အထိ ကြာမြင့်နိုင်ပါတယ်။ ယာဉ်ကြောပိတ်လေ့ရှိတဲ့ နံနက်ပိုင်းနဲ့ ညနေပိုင်း ရုံးဆင်းချိန်တွေဆိုရင်တော့ မိနစ် ၈၀ ခန့်ထိ အချိန်ယူရပါလိမ့်မယ်။


Source - Myanmar Times


လူကြီးမင်​းတို့အ​နေဖြင်​့ အထက်​ပါအခန်​း​လေးအား စိတ်​ဝင်​စားပါက Estate Myanmar (Real Estate Agency)တွင်​ စုံစမ်​း​မေးမြန်​း ငှါးရမ်​းနိုင်​ပါသည်​။

Facebook comments