(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

အနောက်တောင်မြို့သစ်စီမံကိန်းတွင် လယ်ယာမြေများ အရောင်းအဝယ်ပိုဖြစ်နေ

ရန်ကုန် အနောက်တောင်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည့် မြို့နယ်များ အတွင်းရှိ 

လယ်ယာမြေဈေးနှုန်းများ ဈေးမြင့်တက်လျက်ရှိကာ အရောင်းအဝယ်ဖြစ်နေသည်ဟု အိမ်ခြံမြေ

အကျိုးဆောင်များက ပြောသည်။


"မြေပေါ်မှာ ကြိုက်နှစ်သက်တဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်တဲ့ ဥယျာဉ်ခြံမြေအမျိုးအစားကို

ရင်းနှီးမြှုပ်နှံသူ တွေ ဝယ်ယူဖို့ နှစ်သက်ကြပေမယ့် ဥယျာဉ်ခြံမြေထက် ဈေးသိသိသာသာ သက်သာတဲ့

လယ်မြေတွေလည်း အခုတလော အရောင်းအဝယ်ဖြစ်နေပါတယ်။ လယ်ယာမြေတွေက ပိုင်ဆိုင်မှုအရ

ဂရန်မရှိဘဲ အရပ်စာချုပ်နဲ့ပဲ ချုပ်ဆိုရတဲ့ စလစ်မြေသဘောမျိုးဖြစ်ပေမယ့် ဝယ်ယူလိုသူတွေ ရှိလာပါတယ်"ဟု သစ္စာမြေအိမ်ခြံမြေအကျိုးဆောင်မှ ဒါရိုက်တာ ဒေါ်သူဇာမေက ပြောသည်။ မြို့သစ်ဧရိယာများတွင် ဂရန်မြေသစ်များ လျှောက်နိုင်သော်လည်း လျှောက်ထားသူ များ မရှိသလောက်နည်းပါးပြီး ပါမစ်မြေ၊ 

စလစ်မြေနှင့် အရပ်စာချုပ်များကိုသာ အများ ဆုံးအသုံးပြု၍ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ၊ 

စားကျက်မြေ၊ မြေလွတ်မြေရိုင်းများကို အရောင်းအဝယ်ပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းက ပြော

သည်။ "ဥယျာဉ်ခြံမြေပေါ်မှာ ကြိုက်တဲ့အဆောက် အအုံဆောက်နိုင်ပေမယ့် လယ်မြေ၊ ယာမြေနဲ့ 

လယ်ယာမြေတွေပေါ်မှာ အဆောက်အအုံ တွေ ဆောက်ခွင့်မရှိပါဘူး။ ဒါပေမဲ့ အဲဒီမြေ အမျိုးအစား

ကနေ တခြားမြေအဖြစ် သက်ဆိုင် ရာဌာနတွေမှာ သွားရောက်ပြောင်းလဲလို့ ရပါတယ်။ လယ်ယာမြေ

ကနေ တခြားမြေ အဖြစ် အလွယ်တကူ ပြောင်းလဲနိုင်တော့ မြို့သစ်တွေကနေ ဈေးသက်သာတဲ့ လယ်ယာ

မြေတွေကို ဝယ်ယူပြီး ကိုယ်တိုင်တခြားမြေအဖြစ် ပြောင်းလဲလျှောက်ထားတဲ့သူတွေ များ လာပါတယ်"ဟု

ဒေါ်သူဇာမေက ပြောသည်။ ဥယျာဉ်ခြံမြေမှာ လယ်ယာမြေများထက် ဈေးနှုန်းပိုမြင့်လျက်ရှိပြီး မြို့စွန်

ဧရိယာများ တွင် ဝယ်ယူသူများ ပိုမိုနှစ်သက်သော မြေ အမျိုးအစားတစ်ခုဖြစ်ခဲ့သော်လည်း လက်ရှိ

အချိန်တွင် ဝယ်ယူသူများက ဈေးနိမ့်သော လယ်ယာမြေများကို ဝယ်ယူရန် ပိုမိုစိတ်ဝင်စားနေကြသည်ဟု

သိရသည်။


"ဥယျာဉ်ခြံမြေအမျိုးအစားကို ဝယ်ယူ မယ်ဆိုရင် ဘာမှမြေအမျိုးအစားပြန်ပြောင်း စရာမလိုဘဲ

အသုံးပြုနိုင်ပေမယ့် ဥယျာဉ်ခြံမြေ ဈေးနဲ့ လယ်ယာမြေဈေးက တချို့နေရာတွေ မှာ ထက်ဝက်လောက်

ထိတောင် ဈေးကွာနေတာဆိုတော့ ဝယ်ယူလိုသူတွေက ဈေးနှုန်း သက်သာတဲ့ လယ်ယာမြေအမျိုး

အစားကိုပဲ ဝယ်ယူနေကြတယ်"ဟု တွံတေးမြို့နယ်မှ မြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဦးအောင်ကိုကိုမင်းက

ပြောသည်။ ရန်ကုန်မြို့စွန်ရှိ မြို့သစ်မြို့နယ်များတွင် မြို့နယ်၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ဥယျာဉ်ခြံမြေ နှင့်

လယ်ယာမြေများ ဖြစ်ပြီး ကျန်မြေများမှာ လည်း မြေအမျိုးအစားပြောင်းလဲထားသော မြေများ

သာဖြစ်ကြောင်း ၎င်းကပြောသည်။


"တွံတေးမြို့နယ်မှာ ရပ်ကွက်ရှစ်ခုနဲ့ ကျေး ရွာ ၂၂၀ ကျော်အတွက် ကျေးရွာအုပ်စု ၆၅ အုပ်စု

ရှိပေမယ့် ကျေးရွာတွေတောင်မက တချို့ရပ်ကွက်က မြေတွေက လယ်မြေနဲ့ လယ်ယာမြေတွေပဲ။ 

ရပ်ကွက်ရှစ်ရပ်ကွက် မှာပဲ ဥယျာဉ်ခြံမြေတွေ ရှိတာ။ ဒါလည်း လယ်ယာမြေကနေ ဥယျာဉ်ခြံမြေအဖြစ် ပြန်ပြောင်းထားတာ တွေ့ပါသေးတယ်။ တခြား မြို့နယ်တွေလည်း ဒီလိုပါပဲ။

ရန်ကုန်ထဲမှာလို ဂရန်မြေတွေမဟုတ်ဘူး"ဟု ဦးအောင်ကိုကိုမင်းက ပြောသည်။ တွံတေးမြို့နယ်

အတွင်း လမ်းမတန်းနေရာများတွင် ဥယျာဉ်ခြံမြေများမှာ တစ်ဧက လျှင် ကျပ်သိန်း ၃၀၀ ခန့်

ဈေးရှိသော်လည်း လယ်ယာမြေများမှာ ကျပ်သိန်း ၁၅၀ ခန့်သာ ဈေးရှိပြီး ကျေးရွာအတွင်းရှိ

မြေကွက်များ၏ ဈေးနှုန်းမှာမူ တစ်ဧကကျပ်သိန်း ဆယ်ဂဏန်း ခန့်သာရှိသည်ဟု သိရသည်။ 

"တွံတေးမှာ ဥယျာဉ်ခြံမြေနဲ့ လယ်ယာမြေ ဈေးက တစ်ဝက်လောက်ထိကို ဈေးကွာတယ်။ ရွာထဲက

လယ်ယာမြေဈေးတွေကတော့ ပိုပြီး တော့ ဈေးပေါပေမယ့် ဝယ်ယူလိုသူတွေက လမ်းမတန်းပေါ်နဲ့ 

လမ်းမတန်းနောက်ကျော က မြေတွေကိုပဲ ပိုစိတ်ဝင်စားကြတယ်။ လယ်ယာမြေရဲ့ ပိုင်ဆိုင်မှုခိုင်မာတဲ့အပေါ်မူတည်ပြီးတော့လည်း ဈေးကွာခြားတာမျိုး ရှိတယ်"ဟု ဦးအောင်ကိုကို

မင်းက ပြောသည်။


ထန်းတပင်မြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဦးပြည့်စုံကလည်း "ထန်းတပင်မြို့နယ်မှာ တစ်မြို့နယ်လုံး

နီးပါးက လယ်ယာမြေတွေ များပါတယ်။ မြို့လယ်ကောင် အစိုးရရုံးတွေ ရှိတဲ့နေရာ အနီးနားတစ်ဝိုက်

ကိုပဲ ထန်းတပင် မြို့ပေါ်လို့ ပြောနိုင်တာဖြစ်ပြီး အဲဒီနေရာတွေ မှာ တောင် လယ်မြေတွေကို အကွက်

ရိုက်ထား တဲ့မြေတွေရှိပါတယ်"ဟု ပြောသည်။ လယ်ယာမြေများကို တခြားမြေအမျိုး အစားအဖြစ်သို့

ပြောင်းလဲလျှောက်ထားလို သူများသည် လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီတွင် အခွန်အခပေးစရာမလိုဘဲ လျှောက်ထားပြောင်းလဲနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊

မြေယာနှင့် အခွန်ဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦးက ပြောသည်။


"လယ်ယာမြေကနေ တခြားမြေအဖြစ်ကို ပြောင်းချင်ရင် ပုံစံ(၇)ကို ဖြည့်ပြီး ဘာကြောင့်

မြေအမျိုးအစားပြောင်းလဲချင်တယ်ဆိုတာကို လယ်ယာမြေဦးစီးဌာနကို လျှောက်ထားရပါမယ်။ 

လယ်ယာမြေနဲ့ ဥယျာဉ်ခြံမြေတွေ က လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီတစ်ခု တည်းမှာပဲ မြေအမျိုးအစားပြောင်းလိုကြောင်း လျှောက်ထားရင် ရပါပြီ။ ဒါပေမဲ့ လယ်မြေ ကနေ မြေအမျိုးအစား ပြောင်းချင်တယ်ဆိုရင် တော့ လယ်ယာမြေစီမံခန့်ခွဲရေးဗဟိုကော်မတီကိုပါ

ထပ်မံလျှောက်ထားရမှာ ဖြစ်ပါ တယ်"ဟု ၎င်းက ပြောသည်။ လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီက

သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီပါက မြေအမျိုးအစားကို သတ်မှတ် ထားသော

အချိန်အတွင်း ပြောင်းလဲခွင့် ရရှိ မည်ဖြစ်သည်။


"ကော်မတီက သတ်မှတ်ထား တဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီခဲ့ရင် အချိန် ခြောက်လအတွင်းမှာ

မြေအမျိုးအစားပြောင်း လဲပေးမှာ ဖြစ်ပါတယ်။ မြေအမျိုးအစား ပြောင်းဖို့ အခွန်အခတွေလည်း

ပေးဆောင်ဖို့ မလိုပါဘူး"ဟု ဦးထွန်းမြင့်ဦးက ပြောသည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ

ကျဆင်း လာနေသောကြောင့် လယ်ယာမြေများကို တခြားမြေအဖြစ် ခွဲခြမ်းစိတ်ပိုင်းကာ ရောင်းချ

ခြင်းများ ပိုမိုပြုလုပ်လာကြသောကြောင့် လယ်ယာမြေများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်ရသည်ဟု 

ပညာရှင်များက ပြောသည်။ "ရန်ကုန်မြို့မှာ စိုက်ပျိုးဖို့ လယ်မြေတွေ ရှားပါးလာနေပါပြီ။ လယ်မြေတွေကို

ကာကွယ် ဖို့ လိုအပ်နေပါပြီ။ လယ်မြေ၊ ယာမြေနဲ့ လယ်ယာ မြေတွေကနေ တခြားမြေအဖြစ် အလွယ်

တကူ ပြောင်းလဲလို့မရမယ့် ဥပဒေတွေ လိုအပ်နေပါပြီ။ အလွယ်တကူမြေအမျိုးအစား ပြောင်းလဲ

နိုင်မယ်ဆိုရင် နောက်ပိုင်းမှာ လယ်မြေတွေ ပျောက်ကွယ်သွားမှာပါ"ဟု မြို့ပြစီမံကိန်းပညာရှင် 

ဦးသံမိုးက ပြောသည်။ ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လယ်ယာ မြေဥပဒေတွင် လယ်ယာမြေများကို

တခြားမြေ များအဖြစ် မပြောင်းလဲနိုင်စေရန် တင်းကျပ်သော ဥပဒေများ မပါရှိခြင်းကြောင့် နိုင်ငံအဝန်းတွင် လယ်ယာမြေများ နှစ်စဉ်လျော့နည်းလာနေ သည်။ ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံ၏ 

လယ်မြေဧရိယာမှာ ၂၀၁၃ ခုနှစ်တွင် နိုင်ငံဧရိယာစုစုပေါင်း၏ ၁၉ ဒသမ ၃ ရာခိုင် နှုန်းသာရှိသည်ဟု

သိရသည်။




Source : http://myanmar.mmtimes.com/

Facebook comments