ဒီတစ်ပတ်မြန်မာတိုင်း(မ်)ရဲ့ စိတ်ကြိုက်အိမ်ကဏ္ဍအတွက် အင်းလျားကန်အနီး လှိုင်မြို့နယ်၊
မြကန်သာလမ်းပေါ်မှာရှိတဲ့ သပ်ရပ်လှပပြီး နေချင်စဖွယ် နှစ်ထပ်တိုက်အိမ်လေးတစ်အိမ်ကို
ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။
မြေအကျယ်အဝန်း ၆,၆ဝဝ စတုရန်းပေ ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ တစ်ထပ်လျှင် ကြမ်းခင်း
ဧရိယာ ၂,ဝဝဝ စတုရန်းပေနီးပါးရှိတဲ့ နှစ်ထပ်တိုက်အိမ်လေး တည်ဆောက်ထားတာဖြစ်ပြီး
အခန်းများများထည့်သွင်း တည်ဆောက်ထားတာဖြစ်လို့ မိသားစုများသူတွေအတွက်
အဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။
ခြံဝင်းကျယ်ကြီးအတွင်းမှာ တည်ရှိတဲ့ ဒီအိမ်လေးက မြေဧရိယာ ကျယ်ကျယ်ဝန်းဝန်းမှာ
နေထိုင်လိုသူတွေ အကြိုက်တွေ့မယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။ အင်းလျားကန်နဲ့လည်း
နီးပြီး ခြံဝင်းကျယ်ကြီးလည်း ရှိတဲ့အတွက် ခြံဝင်းထဲမှာ အေးဆေး အနားယူလိုသူတွေ
အတွက် အထူးသင့်တော်တဲ့ အိမ်လေးတစ်အိမ်ပါ။
ဒီအိမ်လေးမှာ နှစ်ယောက်အိပ်ခန်းလေးခန်း၊ ရေချိုးခန်း ငါးခန်း၊ ဧည့်ခန်းကျယ် တစ်ခန်း၊
ထမင်းစားခန်းအပြင် မီးဖိုချောင်ဧရိယာလည်း သီးခြားပါဝင်တဲ့အတွက် မိသားစုများသူတွေ
ရွေးချယ်သင့်တဲ့ အိမ်လေးတစ်လုံး ဖြစ်ပါတယ်။
အိမ်တွင်းအိမ်ပြင် ဒီဇိုင်းနှစ်ခုစလုံးကို ခေတ်မီဒီဇိုင်းများကို အသုံးပြုကာ အလှဆင်
ဆောက်လုပ်ထားပါတယ်။ အိမ်အတွင်းမှာလည်း ပါကေးအပြည့်ခင်းထားပြီး အိမ်အပြင်မှာလည်း
သမံတလင်း ခင်းထားတာဖြစ်လို့ မြက်ခင်းပြင်များ၊ မြေမှုန့်များကို မနှစ်သက်ဘဲ သပ်ရပ်စွာ
နေထိုင်လိုသူများအတွက် အဆင်ပြေစေနိုင်မယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။
အိမ်လေးမှာ မှန်ပြတင်းပေါက် အများအပြား ထည့်သွင်း တည်ဆောက်ထားတဲ့အတွက်
သဘာဝအလင်းရောင်ကို ကောင်းမွန်စွာ ရရှိနိုင်တဲ့အပြင် သဘာဝလေပြည်လေညင်းလေးများ
ကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။ သဘာဝအလင်းရောင်ကို နှစ်သက်သူတွေအတွက်
အကြိုက်တွေ့မယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။
အိမ်တွင်းမှာ ရုံးခန်းငယ်လေး တွဲဖက်ဖွင့်လှစ်လိုသူများအတွက်လည်း အဆင်ပြေနိုင်မယ့်
အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။ ဆိတ်ငြိမ်တဲ့နေရာမှာ တည်ရှိပြီး အချက်အချာကျတဲ့နေရာမှာ
တည်ရှိတဲ့အတွက် အိမ်လေးမှာ ရုံးခန်းတွဲဖက် ဖွင့်လှစ်လိုသူတွေအတွက် ရွေးချယ်သင့်တဲ့
အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။
ဒီအိမ်လေးမှာ ကားဂိုဒေါင် ပါဝင်တဲ့အပြင် ခြံဝင်းထဲမှာလည်း ကားအများအပြား ရပ်နားနိုင်ရန်
လုံလောက်တဲ့ မြေနေရာပါဝင်တဲ့အတွက် ကားပါကင်နေရာအတွက် လုံးဝစိတ်ပူစရာ မလိုပါဘူး။
ကိုယ်ပိုင်ခြံဝင်းနဲ့ ဖြစ်တာကြောင့် ခြံနဲ့ အိမ်လုံခြုံရေးကိုလည်း စိတ်ချထားလို့ ရပါတယ်။
အချက်အချာကျတဲ့ နေရာမှာ ခြံဝင်းကျယ်နဲ့တည်ရှိပေမဲ့ အိမ်အတွင်းမှာ လိုအပ်တဲ့
ပရိဘောဂပစ္စည်း အပြည့်အစုံတော့ ပါဝင်မှာ မဟုတ်ပါဘူး။ ပရိဘောဂပစ္စည်းအပြည့်အစုံ
မပါဝင်တဲ့အတွက် အသင့်နေထိုင်လိုသူတွေ အတွက်တော့ အဆင်မပြေနိုင်ပါဘူး။
အင်းလျားကန်နဲ့ ရန်ကုန်တက္ကသိုလ်အနီးမှာတည်ရှိပြီး ဆယ်မိနစ်ခန့် လမ်းလျှောက်သွား
ရုံလောက်သာ ကွာဝေးတဲ့အတွက် နေ့စဉ်အင်းလျားကန်ဘောင်ကို သွားရောက်ကာ
သန့်ရှင်းသောလေကို ရှူရှိုက်ရင်း လေ့ကျင့်ခန်း ပြုလုပ်လိုသူတွေအတွက် ရွေးချယ်သင့်တဲ့
အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။
အိမ်အတွင်းမှာ ကျယ်ဝန်းသော လေသာဆောင်ဝရန်တာတစ်ခု ပါဝင်မယ့်အပြင်
လေအေးပေးစက်ခုနစ်လုံးကိုလည်း တပ်ဆင်ပေးထားတာဖြစ်လို့ နေထိုင်သူများအတွက်
အဆင်ပြေစွာ နေထိုင်နိုင်မယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။
ဒီအိမ်လေးကို ငှားရမ်းချင်တယ်ဆိုရင်တော့ တစ်လလျှင် ငှားရမ်းခ အမေရိကန်ဒေါ်လာ
ငါးထောင်ခန့် ကျသင့်မှာဖြစ်ပြီး ငှားရမ်းမယ့်သူက အိမ်ရှင်နဲ့ စျေးနှုန်းအသေးစိတ်ကို
ဆက်လက်ညှိနှိုင်းနိုင်ပါတယ်။
ဒီအိမ်လေးကို ငှားရမ်းဖို့ စိတ်ဝင်စားသူတွေက Estate Myanmar အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းက ဝ၉-၄၃၁၁၈၇၈၇ နဲ့ ဝ၉-၇၃၁၁၄၈၆ဝ ဖုန်းနံပါတ်တွေကို
ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Source: Myanmar Time