သင်္ကြန်ကာလအတွင်း တောင်သမန်အင်းရှိ ဦးပိန်တံတား သို့ လာရောက် လည်ပတ်သူ အများအပြားရှိသဖြင့် တံတားကြံ့ခိုင်မှု ကောင်းမွန်စေရန် မတ် လ ၁၈ ရက်က စတင်ကာပြုပြင်မှုများ ပြုလုပ်နေကြောင်း တံတားပြုပြင်ထိန်း သိမ်းရေးအဖွဲ့မှ သတင်းရရှိသည်။
သင်္ကြန်ကာလတောင်သမန် အင်းသို့ လာရောက်အပန်းဖြေသူ များ၊ ရေေ ဆာ့ကစားသူများသည် နေ့စဉ်လူဦးရေ သောင်းနှင့်ချီလာ ရောက်သောကြောင့် တံတားကြံ့ခိုင်မှုအားနည်းနေသော နေရာ အချို့ကို သင်္ကြန်မတိုင်မီ အပြီးသတ်ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။
‘‘သင်္ကြန်ကာလဆိုရင် တောင်သမန်အင်းကို လာရောက်တဲ့ သူတွေက ေ တာ်တော်များတော့ တံတားရဲ့ ကြံ့ခိုင်မှုအား နည်းတဲ့ နေရာတွေကို ပြုပြင် မှုတွေ လုပ်တာ။ တိုင်တွေရော အပါအဝင် ကြံ့ခိုင်မှု အားနည်းတဲ့ နေ ရာတွေကို အကုန်ပြုပြင်သွား မယ်။ ပြုပြင်ရာမှာ ကုန်ကျမယ့်ငွေ က တံ တားပြုပြင်ထိန်းသိမ်းရေး အဖွဲ့ကို လှူဒါန်းထားတဲ့ အလှူ ရှင်တွေရဲ့ အ လှူငွေတွေနဲ့ ပြုပြင် တာပါ’’ဟု တံတားပြုပြင်ထိန်း သိမ်းရေးအဖွဲ့မှ ဦးစိုးဝင်း က ပြော သည်။
ထိုကဲ့သို့ ပြုပြင်ရာတွင် ကျပ်သိန်း ၄၀ သုံးစွဲမည်ဖြစ်ပြီး ဦးပိန်တံတား၏ ေ ဆွးမြည့်နေ သော တိုင်ရေအနည်းဆုံး ၃၀ ကျော်ကို လဲလှယ် မည်ဖြ စ်ကြောင်း သိရသည်။
လဲလှယ်ရာတွင် တံတား အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ဆွေးမြည့်နေသော တိုင်းလုံးများကို အစားထိုးလဲလှယ်ခြင်းနှင့် ကြံ့ ခိုင်မှုအားနည်းသော ထုပ် တန်း များနှင့် ကြမ်းခင်းများအား လဲ လှယ်ခြင်းများ ပြုလုပ်မည်ဖြစ် သည်။
ဦးပိန်တံတားပြုပြင်ထိန်း သိမ်းရေးအဖွဲ့တွင် တိုင်းဒေသ ကြီးအစိုးရ အဖွဲ့ အပါအဝင် ရှေး ဟောင်းသုတေသန၊ တောင်မင်း ကြီးဘုရားဂေါပက၊ ဗိ သုကာ ပညာရှင်များနှင့် ရပ်ကျေးအဖွဲ့ အစည်းများပါဝင်သည်။ ၂၀၁၆ ဧပြီ မတိုင်မီကလည်း ဦးပိန်တံ တားရှိ တိုင်အလုံးပေါင်း ၃၀၀ ကျော်ကို လဲ လှယ်ခဲ့သည်။
အမရပူမြို့နယ် တောင်သ မန်အင်းရှိ ဦးပိန်တံတားသည် နှစ် ပေါင်း ၁၆၀ ကျော် သက်တမ်းရှိ ပြီး တိုင်ပေါင်း ၁,၀၈၆ တိုင်ရှိကာ အရှည် ၃,၉၇၆ ပေ ရှိကြောင်း သမိုင်းမှတ်တမ်းများအရ သိရ သည်။
Source : 7DayDaily