(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်း ဧပြီတွင် စတင်မည်

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၇ ဧပြီတွင် စတင်မည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာနမှ သ တင်းရရှိ သည်။ 

မူလက ၂၀၁၆ နှစ်ကုန်တွင် စတင်ရန် လျာထားသော်လည်း မြေယာလျော်ေ ကြး ပေးအပ်ခြင်း နှင့် ရန်ကုန်ဘက်ကမ်း၌ မြို့ပြစီမံကိန်းမြေနေရာ အချို့ ပြန်လည်ညှိ နှိုင်းရခြင်းကြောင့် ဧပြီမှသာ စီမံကိန်း စတင်နိုင်မည် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

တံတားဧရိယာနှင့် မလွတ် ကင်းသော နေအိမ်နှင့် စျေးဆိုင် ခန်းများ အပြီး သတ် မြေယာလျော်ကြေးငွေကို ၂၀၁၆ အတွင်း နှစ်ကြိမ်၊ ပြီးခဲ့သည့် မတ်လ ၁၈ ရက်က တစ်ကြိမ် ပေးအပ်ခဲ့သည်။ 

၂၀၁၆ မေလကစပြီး လျော် ကြေးများပေးအပ်ခဲ့ရာ အိမ်ထောင် စု ၆၀ ကျော်၊ သာသနာ့နယ်မြေ၊ စျေးဆိုင်များပါဝင်သည်။ 

မြေယာလျော်ကြေးတွင် အ မြဲတမ်းသိမ်းယူမည့် မြေယာနှင့် စီမံကိန်းကာလ အသုံးပြုရန် သိမ်းယူသည့် မြေယာဟူ၍ အမျိုးအစားနှစ်ခု ခွဲခြားထားသည်။ 
တံတားစီမံကိန်းကြောင့် ဒလဘက်ကမ်းတွင် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်း ကျင်နှင့် လူမှုရေးရာထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာကို ပြည်တွင်း၊ ပြည် ပ ကုမ္ပဏီများ ငှားရမ်းပြီး စတင်လေ့လာ နေသည်။ 

အဆိုပါ ဒလတံတားတည် ဆောက်ရေး အသေးစိတ် ဒီဇိုင်းအတွက် ကိုရီး ယားသမ္မတနိုင်ငံ Soosoog Co.Ltd ခေါင်းဆောင် သည့်အဖွဲ့ မြန်မာနိုင်ငံ သို့ ရောက် ရှိနေပြီး စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်နေသည်။ 

ဒလတံတား တည်ဆောက် ရာတွင် ဒလမြို့နယ် ရေချိုပိုက် လိုင်းများ တစ်ပါ တည်း ထည့်သွင်း တည််ဆောက်မည်ဟုဆိုသည်။ 

လေးလမ်းသွား ကြိုးဆိုင်းတံ တားစနစ်ဖြင့် ရန်ကုန်မြစ်ကို ဖြတ်သန်းတည်ေ ဆာက်မည့် အဆိုပါ တံတားကို ကိုရီးယားနိုင်ငံ၏ ချေး ငွေဖြင့် လေးနှစ်မှ ငါးနှစ်အတွင်း ဆောက်လုပ်ရန် ရည်မှန်းထား ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနက ခန့်မှန်းသည်။ 

ကိုရီးယား-မြန်မာချစ်ကြည် ရေး(ဒလ)တံတားကို ကိုရီးယား နိုင်ငံ၏ စီး ပွားရေးဖွံ့ဖြိုးမှု ရန်ပုံ ငွေ (EDCFI Loan) ချေးငွေ ကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ ကျပ် ၃၀ ဒသမ ၃၄၁ သန်း၊ စုစုပေါင်းကုန် ကျငွေ ကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ကုန်ကျမည်ဖြစ်ကြောင်း ကနဦး ခန့်မှန်းတွက်ချက်ထားသည်။


Source : 7DayDaily

Facebook comments