(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

အစိုးရတစ်နှစ်တာကာလအတွင်း ရန်ကုန်နဲ့မန္တလေးမှာ တန်ဖိုးနည်း/တန်ဖိုးမျှတအိမ်ခန်းပေါင်း ၃၀၀၀ ကျော်တည်ဆောက်ခဲ့

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တစ်နှစ်တာကာလအတွင်း ရန်ကုန်နဲ့မန္တလေးမှာတန်ဖိုးနည်း/တန်ဖိုးမျှတ အိမ်ရာအခန်းပေါင်း ၃၀၀၈ 
ခန်းတည်ဆောက်ပေးနိုင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာများမှာရေးသားထားတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ 
တစ်နှစ်တာဆောင်ရွက်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့မှာ တန်ဖိုးနည်း/တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကနေအခန်းပေါင်း ၂၂၀၈ ခန်း တည်ဆောက်ပေးခဲ့ပြီး မန္တလေးမြို့မှာ
မြရည်နန္ဒာအိမ်ရာစီမံကိန်းကနေ အခန်းပေါင်း ၈၀၀ ခန်းတည်ဆောက်ပေးခဲ့တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန
၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။

ရန်ကုန်မြို့မှာ ဆောက်ရွက်ဆဲတန်ဖိုးနည်း/တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကနေ 
အခန်းပေါင်း ၈၇၁၂ ခန်း ထွက်ရှိလာမှာ
ဖြစ်ပြီး မုံရွာမှာ အခန်းပေါင်း ၄၄၀ ၊ မကွေးမှာ အခန်းပေါင်း၃၀၄ ခန်း၊ 
ပုသိမ်မှာ အခန်းပေါင်း ၆၇၆ ခန်း ထွက်ရှိလာမှာ
ဖြစ်ပါတယ်။အဆိုပါ ဆောက်ရွက်ဆဲတန်ဖိုးနည်း/တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကနေ အခန်းပေါင်း ၁၀၀၀၀ ကျော် ထွက်ရှိလာမှာ ဖြစ်က
၂၀၁၇ အတွင်းအပြီးတည်ဆောက်ပြီး ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

အိမ်ခန်းများကို ဝင်ငွေနည်းပြည်သူ၊ နိုင်ငံဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊
ပင်စင်စားများကို ဦးစားပေးစနစ်နဲ့ ရောင်းချပေးသွားမှာ
ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကနေ အိမ်ရာ
အပေါင်ချေးငွေစနစ်နဲ့ ၈ နှစ် -၁၀ နှစ်အထိ ဝယ်ယူနိုင်အောင်
စီစဉ်ထားတယ်လို့ ဆက်လက်ပြောပါတယ်။

Source : SFJ Strategy First

Facebook comments