(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ထိုင်း KBank နှင့် ကမ္ဘောဇဘဏ် ချိတ်ဆက်ငွေလွှဲယူနိုင်ပြီ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်း Kasikorn Bank (KBank) မှတဆင့် ပြည်တွင်းရှိ ကမ္ဘောဇဘဏ်များသို့ ချိတ်ဆက်၍ ငွေလွှဲပေး ပို့နိုင်ပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ် (KBZ) က သတင်းထုတ်ပြန်သည်။

ကမ္ဘောဇဘဏ်၏ International Banking Divison မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းလွင်က “ATM ကွန်ရက်ကနေတဆင့် ငွေလွှဲနိုင်မှာဖြစ်တယ်။ မြန် မာပြောင်းရွှေ့လုပ်သားတွေအတွက် ရည်ရွယ်ပါတယ်။ လုပ်သားအနေနဲ့ ကမ္ဘောဇဘဏ်ရဲ့ အကောင့် ရှိရမယ်။ မြန်မာပြည်ကနေ လက်ခံရယူမယ့် သူကလည်း ကမ္ဘောဇဘဏ်ရဲ့ အကောင့်ရှိရမှာ ဖြစ်တယ်” ဟု ပြောသည်။
ငွေလွှဲရာတွင် ထိုင်းနိုင်ငံတဝန်းရှိ KBank ATM စက်များမှတဆင့် ဘားကုတ် ကို စကင်ဖတ် စစ်ဆေးခြင်းဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ် သမားများအနေဖြင့် အကောင့်တခုကို တနေ့အတွင်း တကြိမ်နှုန်းဖြင့် ထိုင်း ဘတ်ငွေ ၁၀၀,၀၀၀ အထိ (မြန်မာကျပ် ၃,၉၀၀,၀၀၀ ဝန်းကျင်) ငွေလွှဲပေး ပို့နိုင်ကြောင်း ကမ္ဘောဇဘဏ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source : Irrawaddy
#realestate #property #lease #buy #sell #apartment #condo #flat#house
#villa #residence #office #commercial #residential #realtor #agency#agent
#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments