(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

Visa က ဧရာဝတီဘဏ်နှင့်ပူးပေါင်း၍ အကြွေးဝယ်ကတ်ထုတ်

နိုင်ငံတကာ ငွေပေးချေကတ် ကုမ္ပဏီ Visa က ပြည်တွင်းမှ ဧရာဝတီဘဏ်နှင့်ပူးပေါင်း၍ အကြွေးဝယ်ကတ် (Credit Card) ကို စတင် ထုတ်လုပ်လိုက်ကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။

လစဉ်ဝင်ငွေ ကျပ်တစ်သိန်းခွဲရှိရုံဖြင့် ပြည်တွင်း၊ ပြည်ပနှင့် အွန်လိုင်းဖြင့် ဈေးဝယ်ရာတွင် အသုံးပြုနိုင်သည့် AYA Visa အကြွေးဝယ်ကတ်များကို လျှောက်ထားနိုင်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

အဆိုပါ အကြွေးဝယ်ကတ်ဖြင့် ပြည်ပရှိ ဆိုင်ပေါင်းသန်း ၄၀ ကျော်တွင် ငွေပေးချေနိုင်မည်ဖြစ်ကြောင်း၊ မြန်မာကျပ်ငွေစာရင်းဖြင့်ပင် ပြည်တွင်း၊
ပြည်ပ သုံးစွဲနိုင်မည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

“အသက် ၂၁ နှစ်ပြည့်ပြီးသူတိုင်း လစာငွေရဲ့ သုံးဆအထိ ချေးယူနိုင်ပါ
တယ်။ ချေးငွေကို ရက် ၅၀ အတွင်း ပြန်ဆပ်ရမှာပါ။ ရက်ကျော်သွားပြီ
ဆိုရင် အတိုးနှုန်း ၁ ရာခိုင်နှုန်းပေးရမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီဘဏ်
၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသူရမောင်က ပြောကြားသည်။
ယခင်က ပြည်ပကတ်ကုမ္ပဏီဖြစ်သည့် JCB နှင့် ပူးပေါင်း၍ ပြည်တွင်း၊ ပြည်ပသုံးငွေပေးချေကတ်၊ အကြွေးဝယ်ကတ်များ ထုတ်ခဲ့ကြောင်း၊ ယခုကတ်တွင်မူ ဘဏ်စာရင်းတွင် ငွေမရှိသော်လည်း ချေးငွေ လျှောက်ထားနိုင်သည့်ကတ် ဖြစ်ကြောင်း ဧရာဝတီဘဏ်ထံမှ 
သိရသည်။

လစဉ်အကြွေးဝယ်ခွင့်ကတ်များနှင့် သုံးထားသည့်ငွေများကို ပြန်လည် ပေးချေနိုင်စေရန် လက်ရှိဘဏ်များမှ တိုက်ရိုက် ငွေပေးချေနိုင်မည့်
စနစ်ကို စီမံပေးထားကြောင်း ယင်းဘဏ်ထံမှ သိရသည်။

ယခုဧရာဝတီနှင့်ပူးပေါင်း၍ အကြွေးဝယ်ကတ်ထုတ်သော Visa ကတ်ကုမ္ပဏီသည် ပြည်တွင်းဘဏ်နှစ်ခုနှင့် ချိတ်ဆက်၍လည်း အကြွေးဝယ်ကတ်များ ထုတ်ထားကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ 

Source : The Voice
#realestate #property #lease #buy #sell #apartment #condo #flat#house
#villa #residence #office #commercial #residential #realtor #agency#agent
#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments